ဖခင် တစ်ယောက် မှ သူ ၏ သမီး သို့ ပေးသော စာ

သင်၏ သားသမီးများ ကိုလည်း ပေးဖတ်ပါ။

ဤစာကို ဟောင်ကောင် နံမည်ကြီး တီဗွီ ချယ်နယ် တွင် အသံလွှင့်သူ လည်းဖြစ် ခလေး စိတ်ပညာ ဆိုင်ရာ ပါရဂူ တစ်ယောက်လည်း ဖြစ်သော ဖခင်တစ်ယောက်မှ သူ၏ သမီး ဖြစ်သူထံသို့ ရေးသားခဲ့ပါသည်။

အဆိုပါ စာပါ အကြောင်းအရာများသည် အသက်ကြီးသည်ဖြစ်စေ ငယ်သည် ဖြစ်စေ သားသမီးဖြစ်စေ မိဘဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် အကြုံးဝင်ပါသည်။

 

မိဘများမှ သားသမီးများကို ဆုံးမ သည့် အခါ အဆိုပါ အကြောင်းအရာများကို ပြောဆို သင်ကြားပေးသင့်ပါသည်။

သမီးရေ

ဖေဖေဒီစာကို ရေးလိုက်တာ အကြောင်း အရင်း ၃ ခုရှိပါတယ်။

၁။ ဘဝရယ်၊ ကံကြမ္မာ ရယ်၊ ကံဆိုးမိုးမှောင်ကျမှုရယ် ဆိုတဲ့ အရာတွေဟာ ဘယ်တော့မှ ကြိုတင်မှန်းဆလို့ မရပါဘူး။ ဖေဖေတို့ ဘယ်လောက်သက်တမ်းအထိ နေရမယ်ဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။

၂။ ဖေဖေဟာ သမီးတို့ရဲ့အဖေဖြစ်တယ်။ တကယ်လို့ ဒီအကြောင်း အရာတွေကို အဖေမှ မပြောရင် တခြားဘယ်သူမှ သမီးတို့ကို ပြောပြလိမ့်မှာမဟုတ်ပါဘူး။

၃။ ဖေဖေ့ရဲ့ ခါးသီးခဲ့တဲ့ အတွေ့အကြုံပေါ်မှာ အခြေ ခံပြီးရေးထားတဲ့ အကြောင်းတရားတွေဟာ သမီးတို့အတွက် မလိုလားအပ်တဲ့ စိတ်နှလုံးထိခိုက်စရာကိစ္စတွေကို တဖက်တလမ်းကဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

အောက်မှာပြောပြမယ့်အကြောင်းအရာတွေကို သမီးဘဝ တစ်လျောက်သတိရနေပါနော်။

၁။ သမီးအပေါ်မကောင်းတဲ့သူတွေအတွက် ထိခိုက်ပူဆွေး ဒေါသထွက်မနေပါနဲ့။ သမီးရဲ့မေမေနဲ့ ဖေဖေ ကလွဲပြီးတော့ သမီးတို့အပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။

-သမီးအပေါ်မှာ ကောင်းတဲ့သူတွေအတွက်တော့ တန်ဖိုးထားပြီး ကျေးဇူး တင်လိုက်ပါ။ ဒါပေမယ့် သမီး အနေနဲ့ သတိထားစရာ အချက်တော့ရှိတယ်။ လူတိုင်းမှာ စိတ်ခံစားမှုအခြေအနေတွေ အမျိုးမျိုး ပြောင်းလဲနေတယ်။ လူတစ်ယောက်က သမီးအပေါ် ကောင်းတယ်ဆိုတာဟာ သူဟာ သမီးအပေါ် အမြဲတမ်းကောင်းမွန်စွာ ဆက်ဆံမယ်လို့ မဆိုလိုပါဘူး။ သူ့ကို သမီးရဲ့ တကယ့်မိတ်ဆွေအစစ်လို့ အလျင်အမြန်ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။

၂။ လောကမွ မရွိမျဖစ္လိုအပ္တဲ့သူဆိုတာ ဘယ်သူမွမရွိပါဘူး။ ဒီကမ္ဘာပေါ်မွာ သမီးပိုင္ဆိုင္စရာဘာမွမရွိဘူး။

-ဒီအချက်ကိုသဘောပေါက်ထားရင် သမီးနားမှာ ရှိနေတဲ့ သူတွေ သမီးကို မလိုအပ်တော့တဲ့အခါ သမီး အလိုအပ်ဆုံးလူတွေကို ဆုံးရှုံးရတဲ့အခါ ဘဝတစ်လျောက် အဆင်ပြေစွာနေသွားနိုင် ပါပြီ။

၃။ ဘဝက တိုတိုလေးပါ။

– သမီး ဒီနေ့မှာ အချိန်ဖြုန်းလိုက်မယ်ဆိုရင် မနက်ဖြန် ကျရင် သမီးဘဝက သမီးကို ချန် ထားခဲ့တယ်လို့ ခံစားရလိမ့်မယ်။ သမီးရဲ့ဘဝကို မြန်မြန်တန်ဖိုးထားလေလေ သမီး ဘဝမှာ ပျော်ရွှင်စရာတွေကို ပိုင်ဆိုင်ရလေလေပဲ။

၄။ အချစ်ဆိုတာ တဒင်္ဂလေး ဖြစ်သွားတဲ့ ခံစားချက်လေးပါ။ အဲ့ဒီ ခံစားချက်လေးဟာ အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။ သမီးသိပ်ချစ်ရပါတယ်ဆိုတဲ့ လူတစ်ယောက်သမီး ကို စွန့်ခွာသွားတဲ့အခါ ခဏလေး သည်းခံလိုက်ပါ။ အချိန်တွေက သမီးရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ဆေးကြောပေး သွားမှာပါ။

– အချစ်ရဲ့ ချိုမြိန်ခြင်း နဲ့ အလှတရားကို သိပ် အမွန်းမတင်ပါနဲ့။ အဲ့လိုပဲ အချစ်ကြောင့် ပူဆွေးသောကရောက်ရတဲ့ အရာတွေကို ပုံကြီးမချဲ့လိုက်ပါနဲ့။

၅။ အောင်မြင်နေတဲ့ လူတွေကြားထဲမှာ ပညာရေး အခြေခံ မကောင်းခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအဓိပ္ပါယ်က သမီး ပညာရေးမှာ မကြိုးစားလည်း အောင်မြင်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သမီးဆည်းပူးခဲ့သမျှအသိပညာ ဗဟုသုတ မှန်သမျှဟာ သမီးဘဝအတွက် လက်နက်တွေတပ်ဆင်ပေးလိုက်တာပါပဲ။

-နုံချာစုတ်ပြတ်တဲ့ ဘဝကနေ ချမ်းသာတဲ့ဘဝကို သွားနိုင်ပါတယ်။ ဒါပေမယ့် နုံချာတဲ့ ဘဝကနေ အစပြုမှကို ဖြစ်မယ်။

၆။ ဖေဖေ အသက်ကြီးလာတဲ့အခါ သမီးအနေ နဲ့ ဖေဖေ့ကို ငွေကြေးဥစ္စာထောက်ပံ့ ပေးဖို့မမျှော်လင့်ပါဘူး။ ဒီလိုပဲ သမီးကိုလည်း ဘဝတစ်လျှောက်လုံးစာအတွက် ငွေကြေးကို ဖေဖေ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ ဖေ့ဖေ့တာဝန်က သမီးအရွယ်ရောက်ပြီး ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တဲ့အထိပဲ တာဝန်ယူ ပေးမှာပါ။ နောက်ပိုင်းကိစ္စကတော့ သမီးအပြင်ထွက်တဲ့အခါ ဘတ်စ် ကားစီးပြီးထွက်ချင်တာလား ဇိမ်ခံကားလေးနဲ့ ငြိမ့်ငြိမ့်လေးထွက်ချင်လားဆိုတာ သမီးရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပါပြီ။

၇။ သမီး ရဲ့ စကားလုံးတွေကို တဖက်သားနားဝင်အောင် အလေးထား ပြီးပြောပါ။ ဒါပေမယ့် တခြားသူတွေဆီကတော့ အဲ့လိုပြန်ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ သမီးအနေနဲ့ လူတွေအပေါ် ကောင်းအောင်နေလို့ရတယ်။ ဒါပေမယ့် တခြားသူတွေက သမီးအပေါ်ပြန်ကောင်းလိမ့်မှာပဲလို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ ဒီအချက် ကို သမီး နားမလည်ဘူးဆိုရင် နောက်ဆုံး သမီးဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။

၈။ ဖေဖေ့ ဘဝတစ်လျှောက်မှာ ထီထိုးတာ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့် တစ်ခါမှ ဆုကြေးငွေ မရခဲ့ဖူးဘူး။ အဲ့ဒါဘာအဓိပ္ပါယ်လဲဆိုတော့ သမီး ချမ်းသာချင်ရင် အလုပ်ကိုကြိုးစားလုပ်ရမယ်။ အလကားရတဲ့ထမင်းတနပ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။

၉။ သမီးနားမှာ ဖေဖေ နေတဲ့အချိန်ဘယ်လောက်ပဲ ရှိနေပါစေ ရှိနေတဲ့ အချိန်တိုင်းကို တန်ဖိုးထားပေး သမီးရေ။ နောက်ဘဝမှ ဖေဖေတို့ ပြန်တွေ့ဖို့ဆိုတာ မသေချာဘူးလေ။

သမီးရဲ့ ဖေဖေ

Be the first to comment

Leave a Reply

Your email address will not be published.


*