ဆရာဝန်တွေ က မ လုပ် သင့်ဘူး လို့ သတ်မှတ် ထားပေမယ့် လူ အများ စု လုပ် မိနေတတ်ကြတဲ့ အမှားများ

A senior woman of african descent listens to her doctor explain the outcome of her most recent tests.Her doctor is smiling as she gives her good news.

နှာခေါင်းသွေးလျှံတဲ့ အခါ ခေါင်းကို အပေါ်သို့ လှန်လိုက်ခြင်း ၊ မြွေအဆိပ်ကို ပါးစပ်ဖြင့် စုပ်ထုတ်ခြင်း တို့ဟာ လုပ်သင့်လား မလုပ်သင့်လားကို လူတစ်ချို့ဟာ သေချာမသိကြပါဘူး ။

A senior woman of african descent listens to her doctor explain the outcome of her most recent tests.Her doctor is smiling as she gives her good news.

အကြောင်းကတော့ ခေတ် အဆက်ဆက် ကတည်းက ထိုသို့ လုပ်ကိုင်ဖို့ အတွက် ကိုယ်တွေ့ အတွေ့ အကြုံတွေက သင်ကြားခံခဲ့ရတာပါ ။ လူကြီးတွေက သင်ပေးခဲ့တာကြောင့် ဖြစ်တာကြောင့်မို့ ပြန်လည်ပြီးတော့လည်း မေးခွန်းမထုတ်ခဲ့ကြပါဘူး ။

ရုတ်တရက် ကြုံတွေ့လာရင် လူအများစု လုပ်လိုက် မိတဲ့ အမှားအချို့ကို ဆရာဝန်တွေက မလုပ်သင့်ကြောင်း ရှင်းပြခဲ့ကြပါတယ် ။ ဆရာဝန်တွေ က မလုပ်သင့်ဘူးလို့ တားမြစ်ထားတဲ့ အရာတွေကဘာလဲ ဆိုတာ ဆက်လက် ဖတ်ရှုလိုက်ပါဦးနော် ။

၁ ။ ကလေးရဲ့ အစားအသောက်တွေကို အေးအောင် မမှုတ်ပေးပါနှင့် ။

ကလေးရဲ့ အစားအသောက်တွေ ကို မှုတ်ပေးတာ ၊ ကလေးပါးစပ်ကို မိမိရဲ့ ပါးစပ်နှင့် ထိတွေ့ထားတွေကို ကိုက်မိစေတာ တွေဟာ ကိုယ့်မှာ ရှိတဲ့ ဘက်တီးရီးယားတွေကို ကလေးဆီ ပို့ဆောင်နေသလိုပါပဲ ။

ဒါကြောင့်မို့ ကလေးကို အစားအစာ ကျွေးတဲ့အခါမှာ အေးအောင် ပါးစပ်နှင့် မမှုတ်ပေးဘဲ သဘာဝအတိုင်း အအေးခံပေးပြီးမှသာ ကလေးကို ကျွေးသင့်တာပါ ။

၂ ။ နှာခေါင်းသွေးလျှံရင် ခေါင်းကို အပေါ်မော့ လိုက်တာ

နှာခေါင်းသွေးလျှံတဲ့အခါမှာ ခေါင်းကို အပေါ်မော့လိုက် တာဟာ သွေးတွေဟာ သင့်နှာခေါင်းမှာ ပိတ်ဆို့ပြီး အသက်မရှုနိုင် ဖြစ်သွားပါလိမ့်မယ် ။ နှာခေါင်း သွေးလျှံလာပြီဆိုရင်တော့ နှာခေါင်းကို လက်နှင့် အသာအယာ ဖိညှစ်ပေးပြီး ခေါင်းကို တည့် တည့်ထားပေးရမှာပါ

၃ ။ ရုတ်တရက် မူးဝေ လဲကျသွားသူကို အပေါ်သို့ မ မလိုက်ပါနှင့် ။

ရုတ်တရက် မူးဝေလဲကျသွား သူတွေဟာ သွေးဖိအား ရုတ်တရက် နည်းသွားပြီး ဦးနှောက်ဆီသို့သွေးမရောက်တာကြောင့်ပဲဖြစ်ပါတယ် ။ ဒါကြောင့် ရုတ်တရက် မူးလဲသွားသူကို ပွေ့မလိုက်မယ်ဆိုရင် ဦးနှောက်ကို သွေးရောက်နှုန်းက ပိုနည်းသွားမှာပါ ။

ရုတ်တရက် မူးလဲ သွားတဲ့သူကို မြင်ပါက လှဲလျောင်းပေး ထားပြီး ရင်ဘက်က ခေါင်းထက် ပိုမြင့်နေစေဖို့လုပ်ပေးပါ ။ ပြီးရင်တော့ အရေးပေါ်ကို ချက်ချင်း ဖုန်းဆက်ပေးပြီး အမြန်ဆုံးဆေးရုံကို ပို့ပေးပါ ။

၄ ။ မြွေကိုက်ခံရရင် အဆိပ်ကို ပါးစပ်နှင့် စုတ်မထုတ် ပါနှင့် ။

မြွေကိုက်ခံရတဲ့ အခါမှာ အဆိပ် ထွက်သွားအောင် ပါးစပ်နှင့် စုပ် ထုတ် ပစ်တာဟာ အဆိပ်တွေ ထွက်သွားမှာ မဟုတ်တဲ့အပြင် အချိန်တွေကို ပိုကြာသွားစေနိုင်ပါတယ် ။ ဒါကြောင့် မြွေကိုက်ခံရတဲ့ လူနာကို အဆိပ် စုတ်ထုတ်ဖို့ မကြိုးစားဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင် ပေးပါ ။

၅ ။ အစားစားပြီးပြီးချင်း သွား တိုက်တာ

အစားစားပြီးချင်း သွားတိုက် တာဟာ ကြွေသွားတွေကို ပျက်စီးစေတာပဲ ဖြစ်ပါတယ် ။ အစားအစာပြီးလို့ ခံတွင်းနှင့် သွားကို သန့်ရှင်းချင်တယ်ဆိုရင် ရေဖြင့် အရင် ပလုပ်ကျင်းပေးပြီး မိနစ် ၄၀ လောက်အကြာမှ သာ သွားတိုက်ပေးသင့်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*