“သမ္ဗုဒ္ဓေ” မကြောက် တဲ့ ဆေးရုံကြီး က သရဲ၏ နောက်ဆုံးအဖြစ်အပျက်

သရဲခြောက်သော အဆိုပါအခန်းထဲတွင် မကောင်းဆိုးဝါး အန္တရာယ် လုံးဝကင်းရှင်းသွားကြောင်း၊ သူကိုယ်တို င်လည်း ခွဲစိတ်ပြီးသည် အထိ နေခဲ့သော်လည်း ဘာအနှောင့်အယှက်မှ ထပ်မတွေ့တော့ကြောင်းကို ဝမ်းသာအားရ ပြောပြခဲ့ပါသညါ။ စာရှုသူအပေါင်းလည်း သရဏဂုံအ စွမ်းဖြင့် မကောင်းဆိုးဝါးအန္တရာယ်မှ ကင်းဝေးကြပါစေသော်။

၁၉၈၈ ခုနှစ်ခန့်က အဖြစ်အပျက် တစ်ခုဖြစ်ပါသည်။ ယ္ခု ရန်ကုန်တိုင်း ရွှေပြည်သာမြို့(၆) ၁၃ ရပ်ကွက်မှ ဒေါ်တင်တစ်ယောက် —–မြို့ ဆေးရုံကြီး၏ အရေးပေါ်ခန်း တွင်ရောက်လျက် ရှိသည်၊ ရောဂါက အမျိုးသမီးများတွင် အဖြစ်များသော သားအိမ်ထဲ အကျိတ်အလုံး တည် ခြင်း၊ ရောဂါတစ်ခုပင်။စိုးရိမ်ရသည့်အတွက် အမြန်ခွဲစိတ်ရမည်ဟု ဆိုကာ အရေးပေါ်အခန်းထဲ ထည့်ထားခြင်းပင်။ တစ်ခုခက်နေ သည်မှာ ဒေါ်တင်မှာရှိနေသော သွေးတိုးရောဂါပင်။ ၎င်းရောဂါကိုအရင်သက်သာအောင် စောင့်နေရ သည်က နှစ်ရက်သုံးရက်ကြာ သွားသည်။

အရေးပေါ်ခန်းဖြစ်သည့် အတွက်စောင့်ပေးသော ညီမမှာလည်း အထဲ ဝင်ခွင့်မရ အခြားနေရာမှသာစောင့်ရရှာသည်။ ညရောက်လာသည် နှင့်ကြောက်စိတ် ကအလိုလိုဝင် လာသည် အားကိုးပြုစရာ ရှာကြည့်တော့ အခန်းထဲတွင် ဘာသာခြားအမျိုးသမီး တစ်ဦးကိုသာတွေ့ ရ သည်၊ ဘာသာရော လူမျိုးပါမတူသဖြင့် တော်တော်နှင့် စကားမပြောဖြစ် သုံးရက်မြောက်နေ့ မနက်တွင်မတော့ ထိုဘာသာခြား အမျိုးသမီး ထံမှ ငိုရှိက်သံသဲ့သဲ့ ထွက် လာတော့ ဒေါ်တင်တစ်ယောက်မနေနိင်တော့ မိန်းမချင်းကိုယ်ချင်းစာစိတ်ဖြင့် သွားရောက်မေးမြန်း မိသည်။

“သြော်-ဒီကညီမ ကျွန်မဘာများ အကူအညီပေးရ မလည်းဟင်” သူက“ကျွန်မကို ကယ်နိင်ရင်ကယ်ပါရှင် ကျမနေရမှာ မဟုတ်တော့ပါဘူး” ပြောပြောဆိုဆိုဖြင့်ဒေါ်တင်ဖက် သို့ လှည့်ကြည့်လိုက်သော ဘာသာခြား အမျိုးသမီးမျက်နှာကို မြင်လိုက်ရသည်နှင့် ဒေါ်တင်တယောက် ထိတ်ခနဲဖြစ်သွားခါ ထရပ်မိတော့သည်။ထရပ်မည်ဆိုလည်း ရပ်စရာပင်။ အဘယ်ကြောင့်ဆိုသော် ဆင်းရက်ပင်ရပြီဖြစ်၍ ကျန်းမာစဖြစ်နေ သော ဘာသာခြားအမျိုးသမီးမှာ စိတ်ချမ်းချမ်းသာသာ ၀၀ဖြိုးဖြိုး တွေ့ရသော်လည်း ။

ယခုမနက်တွင်ကာ အသားအရေ များမှာ ယူပစ်လိုက်သကဲ့သို့ တကိုယ်လုံး အရိုးပေါ်အရေတင်သာကျန်ရှာလေတော့သည်၊ ပါးချောင်ကြီး ကျပြီး မျက်တွင်ကြီးချိုင့်နေသည်မှာ ကြောက်တက်သူဆိုလျှင် လိပ်ပြာလွင့်လောက်ပေသည်။ သို့သော် မြန်မာလူမျိုးတို့ လက်သုံးကရုဏာ တရားက အကြောက်တရားကိုလွှမ်းမိုးသွားသဖြင့် ခုတင်ဘေးတွင် တင်ပလွှဲထိုင်နေရင်းက ထိုအမျိုးသမီး၏လက်ကိုဆုပ်ကာ အားပေး လိုက်မိသည်။ညီမရယ် အားငယ်စရာတွေ မပြောပါနဲ့၊ ဆရာဝန်ကြီးကတောင် ညီမကိုဆင်းရက်ရပြီလို့ ပြောသွားတယ် မဟုတ်လား၊

ညီမ ဘာမှဖြစ်စရာမရှိပါဘူး”ညီမနေရဖို့အချိန်သိပ်မရှိပါဘူး၊ အစ်မကိုပဲမှာချင်တာမှာခဲ့ပါရစေ၊ နေ့ခင်းညီမအိမ်ကလူတွေလာတဲ့အခါ တစ် ခုလောက်ပြောပေးပါ”ပြောလေညီမ ဘာပြောရမလဲ” “ညီမစုထားတဲ့ ငွေကြေးအချို့ကိုကုသိုလ်ပြုပြီး ညီမကိုအမျှပေးကြပါလို့”ညီမက ဗုဒ္ဓ ဘာသာလား” “ဗုဒ္ဓဘာသာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကုသိုလ်ပြုအမျှဝေတဲ့အခါမှာတော့ ဗုဒ္ဓဘာသာအတိုင်း သာပြုပေး ပါလို့ ပြော ပေးပါ”။အေးအေး-အေးအေး ပြောပေးပါ့မယ်ကွယ်”။

ထိုအခါ ဒေါ်တင်တစ်ယောက် ပျဉ်းမနားမှ ဘာသာခြား သူဌေးကြီးတစ်ယောက်အကြောင်းကို သွားအမှတ်ရ မိသည်။ ၎င်းသူဌေးကြီးမှာ သမီးလေး တစ်ယောက်သာ ရှိရာ လင်မယားနှစ်ယောက်လုံး ငုံထား မတတ် ချစ်ကြသည်။တစ်နေ့တွင် သမီးငယ် လေးမှာ ရုတ်တရက် ရောဂါတစ်ခုဖြင့်ဆုံးပါးသွားတော့ရာ သူဌေးကြီးတို့ လင်မယားမှာ ဆောက်တည်ရာမရ ဖြစ်အောင် ခံစားကြရရှာသည်။ မကျွတ်ရှာသော သမီးလေးမှာ သေပြီး နောက်တစ်ရက်မှာ ပင် သူနေသောအခန်းထဲမှ ချိုးချိုးချွတ်ချွတ် အသံပေးခြင်း၊

မိဘနှစ်ပါးသာရှိနေသောအခါတို့တွင် “ဒယ်ဒီနဲ့ မာမီ သမီးကို အဝတ်အစားတွေပေးပါ” ဟူသော အသံကလေးကို ညတိုင်းကြားနေရသဖြင့် သူတို့ဘာသာ ထုံးစံအတိုင်း ပြုလုပ်ပေးသော်လည်း သမီးငငယ်လေးအသံက ပျောက်ပျက်မသွားပေ။သို့ဖြင့် မိဘနှစ်ပါးမှာ ကြံရာမရ ဖြစ်နေစဉ် သစ်လုပ်သားထဲမှ ဗုဒ္ဓဘာသာတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပြီး ဗုဒ္ဓဘာသာနည်းအတိုင်း ရဟန်းသံဃာများပင့်ကာ ဆွမ်း၊ သင်္ကန်းများလှူပြီး အမျှပေးသောအခါမှ ညတိုင်းကြား နေရသော သမီးငယ်လေး၏ အသံမှာပျောက်သွားခဲ့ပါသည်။

ထိုမှနောက် သူဌေးကြီးတို့ လင်မယားနှစ်ယောက် မှာ လည်း ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းရောက်ရှိလာခဲ့ပါတော့သည်။ ယခုအမျိုးသမီး လဲထိုကဲ့သို့ပင် သဘောပေါက် ထားသောကြောင့် ယခုလိုပြောခိုင်းခြင်း ဖြစ်လိမ့်မည်ဟူ၍ နားလည်ထားလိုက်ပါသည်။ အစ်မကိုလဲ ကိုယ့် အစ်မအရင်းလိုသဘောထားပြီး တစ်ခုသတိပေးခဲ့ပါရစေ” “ရှင်-သြော်-ပြောလေ ညီမ၊ ပြောပါ” ကိုယ့်အတွေးနှင့်ကိုယ် လွင့်မြောနေသော အချိန်မို့ ဒေါ်တင်ထံမှ အာမေဍ္ဍိတ်သံတစ်ခု ထွက်သွားသည်။ “အစ်မ-ညီမ အခုသေရမယ်ဆိုတာ တခြားကြောင့်မဟုတ်ဘူး၊

လူတွေရဲ့ သာမန်မျက်စိနဲ့မမြင်ရနိုင်တဲ့ မကောင်းဆိုးဝါးတွေကြောင့်ပဲ၊အစ်မလဲ ကိုယ့်ဘာသာနည်းနဲ့ကိုယ် မကောင်းဆိုးဝါး ဘေးကလွတ် အောင် အကာအကွယ်လုပ်ထားပါ”ညီမ ကို မနေ့ညက (၁၂) နာရီလောက်မှာ အလွန်ကြောက်စရာကောင်းတဲ့ ခေါင်းပြတ်ကြီး ဆယ်လုံးဝိုင်း ပြီး လိုက်ကြတယ်၊ ပထမတော့ကိုယ့်ဘာသာနည်းနဲ့ ကြိုးစားပြီးကာကွယ်ကြည့်သေးတယ်၊ ဘယ်လိုမှမရဘူး၊ မရတဲ့ အဆုံးမှာတော့ သူလို ကိုယ်လိုပဲ ထွက်ပြေးရတော့တာပေါ့”

ဒါပေမယ့် မလွတ်ပါဘူးအစ်မရယ်၊နောက်တော့ ညီမရဲ့ ဟောဒီလက်မလေးကို ခေါင်းပြတ်တစ်လုံးက ကိုက်မိသွားတယ်၊ ဒီမှာသေချာကြည့် ပါ အစ်မ”ဒေါ်တင်တစ်ယောက် မယုံတစ်ဝက်ယုံတစ်ဝက်မျက်နှာဖြင့် သေချာကြည့်လိုက်တော့ သွားကိုက်ရာလေးဖြင့် သွေးခြေဥနေသော လက်မလေးကို သေသေချာချာ မြင်လိုက်ရသည်။ ဘုရား-ဘုရား ဘယ်လိုများဖြစ်ကုန်ကြပါလိမ့်” အထိတ်တလန့်ဖြင့် ဘုရားကိုပင် စိတ်ထဲ မှာ တ, လိုက်မိသည်။“ညီမရဲ့ လက်ကိုအကိုက်ခံလိုက်ရကတည်းက အားတွေ မကျန်အောင် ထုတ်ယူပစ် သလို ခံစားလိုက်ရတယ်၊

လူလဲအဝတ်ပုံကြီးလို ခွေကျသွားတယ်၊အဲဒီအချိန်မှာပဲ မည်းမည်းအကောင်ကြီး တစ်ကောင်က ညီမကို ဟိုး ကောင်းကင်အမြင့်ကြီးထိ ဖမ်း ခေါ်သွားပြီးမှ အောက်မြေပေါ်ကို ပြန်လွှတ်ချ ပစ်လိုက် တယ်၊ အခုတော့ညီမ အဲ့ဒီဒဏ်နဲ့ပဲသေရတော့မှာပါ၊ ကဲပကဲ- အစ်မလဲ အစ်မနေရာ သွားပြီး ကိုယ့်အကာ အကွယ်နဲ့ကိုယ်နေပါတော့”ထိုသို့ပြောဆိုပြီးသည်နှင့် အမျိုးသမီးက စောင် ကို ခေါင်းမြီးခြုံသွားသဖြင့် ဒေါ်တင်တစ် ယောက် ဘာမှ ဆက်မပြော နိုင်တော့ဘဲ မိမိခုတင်သို့ပြန်ခဲ့ရတော့သည်။

ထိုအချိန်မှာပင် လူနာစောင့်တာဝန်ကျနေသော ဒေါ်တင်၏ ညီမအငယ်ဆုံး အခန်းထဲ စားစာရာအချို့နှင့်အတူဝင်လာသည်။အစ်မရေ-ကျွန်မ ဆရာဝန်ကြီးနဲ့တွေ့လာတယ်၊ ဆရာဝန်ကြီးကပြောတယ်၊ သွေးတိုးရောဂါ၊ စိတ်ချရမှ ခွဲမှာဆိုတော့ နောက်သုံးရက်လောက် စောင့် ရဦးမယ်တဲ့၊ အဲ့ဒီတော့ ခွဲစိတ်မယ့်ရက်မှပဲ ညီမလာတော့မယ်၊ ဒီကြားထဲတော့ ဆေးရုံရှေ့က ထမင်းဆိုင်မှာပဲ အစ်မဘာသာကြည့်စားပေ တော့၊ ဆိုင်ကိုလဲမှာထား ပါတယ်၊ အစ်မ လာမစားနိုင်ရင် အခန်းထဲထိ လာပို့ပါလို့၊ ကဲ-ကျွန်မပြန်တော့မယ်၊

အိမ်မှာ ကလေးတွေချည်းဆို တော့ စိတ်မချရဘူး၊ အစ်မရောဘာမှာချင်သေးလဲ”။စောင့်ပေးနေသော ညီမက ပြန်သွားတော့မည်ဆိုတော့လဲ အားငယ်စိတ်က အလိုလိုဝင်လာသည်။ သူ့ကိုယ်သူ သေမည်ဟု ပြောနေသော အမျိုးသမီးကို လှမ်းကြည့်လိုက်တော့ စောင်ခေါင်းမြီးခြုံ လျက် တိတ်ဆိတ်ငြိမ်သက် စွာ တွေ့ရသောကြောင့် သေများသွားပြီလားဟူသော အတွေးနှင့်အတူ ခန္ဓာကိုယ်မှာ ဆတ်ကနဲ တစ်ချက် တုန်သွားသည်ကို ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။

အကြီးဆုံးအစ်မတစ်ယောက်က အငယ်ဆုံးညီမတစ်ယောက်ကို ငါကြောက်လို့မပြန်ပါနဲ့ဟူသောစကားကိုလဲ ပြောရမှာ ရှက်နေသဖြင့် ဘာမှမပြောမိ။ “ကဲပါလေ ပြန်ချင်ပြန်ပါ၊ အစ်မအတွက်ဘာမှပူစရာ မရှိပါဘူး၊ မှာစရာ လဲမရှိပါဘူး” ဒေါ်တင်၏စကားဆုံးသည်နှင့် ညီမ ဖြစ်သူမှာသိမ်းစရာရှိသော ပစ္စည်းတချို့ကို သိမ်းဆည်း၍ ဆေးရုံဝင်းထဲမှ ထွက်ခွာသွားပါတော့သည်။ ဟိုတွေးဒီတွေးဖြင့် အချိန်ကုန်သွား ရာ နေ့လယ် (၁၁) နာရီခန့် အချိန်မှာပင် ဘာသာခြား အမျိုးသမီး၏ ဆွေမျိုးများဖြစ်ဟန်တူသော မိန်းမနှစ်ယောက်နှင့် ယောက်ျားတစ် ယောက်တို့ဝင်လာသည်ကို တွေ့လိုက်ရသည်။

တစ်ခဏအကြာမှာပင် ထိုအမျိုးသမီးခုတင်မှ စူးစူးဝါးဝါး အော်ဟစ်ငိုယိုသံတစ်သံကို ကြားလိုက်ရသည်။ “အမယ်လေးသမီးရဲ့ အဖြစ်ဆိုး လှချည်လား၊ ဆေးရုံကဆင်းခွင့်ရပြီးကာမှ ဘယ်လိုအဖြစ်ဆိုးနဲ့ ကြုံရတာ လဲကွယ့်၊ ဟဲ့ဟဲ့”ငိုယိုသံကိုထောက်ဆကြည့်လိုက်လျှင် ထိုအမျိုး သမီး သေဆုံးသည်မှာသေချာနေပေပြီ။ ၎င်း မှာထားသော စကားများကို သတိရလိုက်မိသည်နှင့် ကြောက်စိတ်ကြောင့် ကြက်သီးများ တ ဖျန်ဖျန်း ထသွားရင်းဖြင့်ပင်။ ထိုအမျိုးသမီး၏ မှာထားချက်များကို သွား၍ပြောလိုက်ရသေးသည်။

သူတို့တစ်တွေက မယုံသလို ယုံသလို မျက်နှာပေးတွေနှင့်ကြည့်နေကြသဖြင့် ယုံတာ၊ မယုံတာ သူတို့အလုပ်၊ မှာထားခဲ့သည့်အတိုင်း ပြော ရမှာ ငါ့အလုပ်ဟု သဘောထားပြီး ပြောပြီးသည်နှင့် ကိုယ့်နေရာကို အေးအေးဆေးဆေး ပြန်လာခဲ့လိုက်သည်။ ဘာသာခြားအမျိုးသမီး၏ အလောင်းကို ပိတ်ဖြူအုပ်ပြီး ထုတ်ယူသွားသည်နှင့် မြင်ကွင်းက ဒေါ်တင်၏ မျက်စိ ထဲတွင်ဖျောက်မရနိုင်အောင် ဖြစ်နေရသည်။ ညမိုးချုပ် လာသည်နှင့်ကြောက်ရွံ့စိတ်တို့က တဖြည်းဖြည်းများ လာသည်။

ကျန်လူနာခန်းများနှင့် အရေးပေါ်ခန်းမှာ ဘာမှဝေးသည်တော့မဟုတ်။ စကားကျယ်ကျယ် ပြောလျှင် ပင် ကြားနိုင်လောက်သော အနေအထားရှိသည်။ ချောက်ချားသော စိတ်ကို ဖြေဖျောက်ရန်အလို့ငှာ တခြား အခန်းမှ လူနာများကို သွားရောက်စကားပြောရင်းဖြင့် အချိန်ဖြုန်းနေလိုက်သည်။ သို့သော် ည (၁၀) နာရီခန့် ရှိသောအချိန်တွင်ကား အိပ်ချိန်ရောက်နေပြီဖြစ်သဖြင့် ကိုယ့်နေရာကိုယ် အလိုက်တသိ ပြန်ရေရတော့သည်။

ဘာသာခြားအမျိုးသမီးမှာခဲ့သော “ညီမ အခုသေရမယ် ဆိုတာတခြားကြောင့်မဟုတ်ဘူး၊ လူတွေရဲ့ သာမန် မျက်စိနဲ့မမြင်နိုင်တဲ့ မကောင်း ဆိုးဝါးတွေကြောင့်ပဲ” ဆိုသည့်စကားလုံးက ဒေါ်တင်၏ စိတ်နှလုံးကို တစ်ညလုံး ချောက်ချားစေခဲ့သည်။ဟိုလူး ဒီလှိမ့်ဖြင့် ည (၁၂) နာရီ ထိုးသွားခဲ့လေပြီ။ ထိုအချိန်မှာပင် မိမိအခန်းဆီသို့ တရှပ်ရှပ်ဖြင့်လာနေသော ခြေသံကို ကြားလိုက်ရသ်ဖြင့် ခေါင်းမြီးခြုံထားသော စောင်ကို ဖယ်၍ သေချာစွာ ကြည့်လိုက်ရာ ဘာကိုမှ မတွေ့ရ။

ခုတင်ပေါ်တွင် အသီးသီးအိပ်ပျော်နေကြသော လူနာများကိုလည်း မှန်ခန်းစည်းမှ အတိုင်းသားမြင်နေရသည်။ ထူးခြားသည်က ခြေသံ ကိုကြားနေရသည်။ ခြေသံပိုင်ရှင်ကို မတွေ့ရဖြစ်နေခြင်းပင်။ မိမိနေသော အရေးပေါ် အခန်းဝ၊ လူဝင်တံခါးနားရောက်တော့ ခြေသံက ခဏပျောက်သွားသည်။လူဝင်တံခါးကလည်းမှန်ကိုသာတပ်ထားသည်မို့ အပြင်ဘက် ကို အထင်းသားမြင်နေရပါသည်။ ခဏအကြာ မှာပင် လူဝင်တံခါး ရှေ့မိမိအခန်းဝတွင် စုတ်ပြတ်ပေရေနေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

အေးစက်စက်နှင့် ဖြုဖပ်ဖြူရော်ဖြစ်နေသောမျက်နှာ ကြီးကိုမြင်လိုက်ရသည်နှင့် ဘယ်လို ဖြစ်သွား သည်မသိ။ဒေါ်တင်၏ ညာဘက်လက် ညှိုးက ထိုမကောင်းဆိုးဝါး ရှိရာ တည့်တည့်ထိုးလျက် သမ္ဗုဒ္ဓေဂါထာတော်ကို နှုတ်တက်ရွရွရွတ်ဆို လျက်ရှိပါတော့သည်။ ဂါတာတစ် ခေါက်မဆုံးမီမှာပင် စိတ်ပျက်သောအမူအရာနှင့် ပြန်ထွက်သွားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။မိမိ၏မြင်ကွင်းမှ ကွယ် ပျောက်သွားသည်နှင့် ဂါထာ ကို အရွတ်ရပ်ပြီး နေခင်းကမှ သေဆုံးသွားသော ဘာသာခြား အမျိုးသမီး၏ ခုတင်ကိုလှမ်းကြည့်လိုက်သည်။

ထိုအမျိုးသမီး၏မှာကြားခဲ့သောစကားတို့မှာ သေခါနီး ကယောင်ချောက်ချားထင်မိ ထင်ရာပြောခဲ့ခြင်းမဟုတ်သည်မှာတော့ သေချာနေ သည်။မကောင်းဆိုးဝါးကို မိမိကိုယ်တိုင် တွေ့လိုက် ရပြီမဟုတ်ပါလား။ ဘာမှတော့ သိပ်ကြာလိုက်သည် မထင်ရ။ စောစောက လူဝင်တံခါး မှပင်အဖြူရောင်အဝတ်စသဏ္ဌာန်ကို တွေ့လိုက်ရသလို ရှိသဖြင့် သေသေချာချာ စိုက်ကြည့်လိုက်မိသည်။ သေချာသွားလေပြီ။ မသေခင် ကိုယ့်ဘာသာ သရဏဂုံ တင်ထားပြီး စွဲမြဲနေဖို့ပဲ အရေးကြီးတယ်၊

သေပြီးမှ သရဏဂုံတင်နေလို့ ကတော့ သေသွားသူအတွက် ဘာမှအကျိုးမရှိဘူး၊ ကျန်ရစ်တဲ့ မိသားစုအတွက်ပဲ အကျိုးရှိတယ်” ဟူသော ဆရာတော်ကြီးများ၏ အဆုံးအမကို သတိရသည်နှင့် ဒေါ်တင်တစ်ယောက် အချည်းအနှီးဖြစ်သော ရုန်းကန်နေ သည့်အလုပ်ကိုရပ်လိုက် ကာ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သံဃံ သရဏံ ဂစ္ဆာမိ၊ သံဃာတော်အရှင်မြတ်တို့ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟူ၍။

နောက်ဆုံးဆောက်တည်နေခြင်းအနေဖြင့် အာရုံရရွတ်ဆိုဆောက်တည်လိုက်ရာ သရဏဂုံအဆုံးမှာပင် သရဏဂုံသုံးပါ၏ အစွမ်းသတ္တိကို ကိုယ်တွေ့ ကြုံ လိုက် ရသော ဒေါ်တင် ကတော့ တခြားဘာကိုမှ အာရုံမထားနိုင် တော့ဘဲ သရဏဂုံသုံးပါး ကိုသာ ဆက်တိုက် ရွတ်ဖတ် သရဇ္ဈာယ်နေတော့ရာ မည်မျှလောက်ကြာ သွားသည် မသိတော့။တာဝန်ကျ သူနာပြုလေးများနှင့် တခြားအခန်းမှ လူနာများ အခန်းထဲ ဝင်လာပြီး ဝိုင်းဝန်းမေး မြန်းပြုစုတော့မှပင် အရွတ်ရပ်နိုင်ပါတော့သည်။

ဘေးကလူများကတော့ တခြားဘာကိုမှမမြင်လိုက်ကြ။ သရဏဂုံသုံးပါးကို ပက်လက် ကြီးလှန်၊ လက်အုပ်ချီပြီး အသံကျယ် ကြီးဖြင့် ဆက် တိုက်ရွတ်ဖတ်နေသောကြောင့်သာ အထူးအဆန်း ဖြစ်ပြီး ဝင်ရောက်မေးမြန်းကြခြင်းဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*