ကန်ဇွန်းရိုးနီ အရည်ကို သောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ..

ဒီနေ့ အားလတ်ရက် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်စောင့်ရှောက်ခြင်း

ဘယ်လိုစောင့်ရှောက်လဲဆို ဒီနေ့ ထမင်းလုံးဝမစားဘူး အသီးအရွက်များများစားတယ် ပြီးတော့ ကန်စွန်းရိုးနီပြုတ်သောက်ဖြစ်တယ်

ကန်ဇွန်းရိုးနီ ၂ စည်း အနေတော်ဖြတ် ရေစင်စင်ဆေး ရေစစ်ထား

ရေ ၃ လီတာ ဆူအောင်တည် ကန်ဇွန်းရွက်ရေစစ်ထားတာထဲ့ မိနစ် ၃၀ လောက်ပြုတ်

ထန်းလျှက် ၃ လုံးထဲ့ ချိုတယ်ဆိုရုံလေး ဆား အနဲငယ် ခပ် အအေးခံပြီး ရေဆာတိုင်းတစ်နေကုန်သောက်တော့တာပါဘဲ

အကျိုးကျေးဇူးအနေနဲ့အဓိကကတော့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ အဆိပ်တွေ ကိုဖယ်ရှားပေးတယ်

သွေးကိုသန့်စေတယ် ဆီးပူနေတဲ့သူ ဆီးကျောက်တည်နေတဲ့သူ တွေများများသောက်သင့်တယ်

သွေးအားတိုးစေတဲ့ သံဓါတ်ကိုဖြည့်တင်းပေးတယ် ဗိုက်တာမင် A ဓါတ်များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးများသံမာထွားကျိုင်းစေတယ် မျက်စိကြည်စေတယ် အာရုံကြောများ သွားများကောင်းမွန်စေပြီး အသားအရေကိုစိုပြေလှပစေပါတယ်

ရှုတော်မူ ဆေးကျမ်းထဲမှာတော့ သွေးကင်းလေကင်းအပုတ်ကင်းအဖျားကင်း ပြီး အဆိပ်အတောက်မျိုးစုံပါယ်ဖျောက်စေတယ်လို့ဆိုပါတယ်

ဆေးအဘိဓာန်ထဲမှာတော့ ရူးသောအနာကိုလည်းကောင်း သည်းခြေနဲ့ယှဉ်သောအနာကိုလည်းကောင်း ချမ်းသာစေတတ်တယ်လို့ ဆိုထားတယ်

ကိုယ်တွင်းအဆိပ်တွေပြေပြီး သွေးသားသန့်စင်ဖို့အတွက် မကြာခဏ ပြုတ်သောက်သင့်တဲ့ အတွက် ….. စျေးထဲ ကန်ဇွန်းရိုး နီနီရဲရဲလေးများတွေ့ရင် ပြုတ်သောက်ကြည့်ကြပါလို့

စေတနာမေတ္တာများနဲ့ တင်တင့်လက်ရာ

Be the first to comment

Leave a Reply

Your email address will not be published.


*