အင်တာနက် အသုံးပြုသူတွေကို သတိပေးလိုက်တဲ့ အမျိုးသမီး ဖြစ်ရပ်မှန်

အင်တာနက်အသုံးပြုသူတွေကို သတိပေးလိုက်တဲ့ အမျိုးသမီးဖြစ်ရပ်မှန်

အမျိုးသမီးတစ်ယောက်ဟာ တစ်ခြားအင်တာနက်အသုံးပြုသူတွေကို သူမအရေပြားပေါ်က အနီရောင်အစက်ပြောက်လေးကနေ တစ်ကိုယ်လုံးပြန့်နှံ့သွားပြီး နောက် အခုလို သတိပေးလိုက်တာပဲဖြစ်ပါတယ်။

သူမဟာ pityriasis rosea လို့ခေါ်သည့် မိက် ပေါက်တဲ့ ရောဂါခံစားနေရတာဖြစ်ပြီး အဆိုပါ အရေပြားဆိုင်ရာ ရောဂါမျိုးဟာ ကလေးတွေနဲ့ လူငယ်တွေမှာ အဖြစ်များသည့်ရောဂါမျိုးပဲဖြစ်ပါတယ်။

မိကယ်လာ ပက်ဘလို ဟာ သူမဗိုက်ပေါ်က အကြွေစေ့အရွယ် အနီပြောက်လေးကို ပထမ သတိထားမိပေမယ့် ရိုးရိုး ဝက်ခြံလို့ပဲ ထင်ခဲ့မိပါတယ်။ ဒါ့ကြောင့် သိပ်ဂရုမစိုက်ဘဲ မေ့မေ့ပျောက်ပျောက်ထားခဲ့ပေမယ့် နောက်ပိုင်း ယားလာပြီး တစ်ဖြည်းဖြည်းပွားလာခဲ့ပါတယ်။

သူနာပြုတစ်ဦးဖြစ်တဲ့ ပက်ဘလိုရဲ့ ညီမဖြစ်သူရဲ့ အကြံပြုချက်အရ Bachtroban လိမ်းဆေးလိမ်းခဲ့ပေမယ့် ပျောက်မသွားပါဘူး။

အရေပြားရောဂါအထူးကုဆရာဝန်ဆီသွားပြတဲ့အခါမှာတော့ မိက်ပေါက်နေတာဖြစ်ပြီး အဆိုပါ မိက်ဖူးလေးတွေဟာ အရေပြားဆိုင်ပြဿနာတွေရဲ့ မိခင်ဖြစ်ကြောင်းနဲ့ ဒီရောဂါမျိုးကို ‘Herald path’ လို့ခေါ်ကြောင်း ရှင်းပြပါတယ်။

မိက်ပေါက်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကိုမသိရပေမယ့် တစ်ချို့ ကတော့ ဗိုင်းရပ်စ်ပိုးတစ်ခုခုကြောင့်လို့ယူဆကြပါတယ်။ အဆိုပါဗိုင်းရပ်စ်ပိုးဟာ အထူးသဖြင့် ကုတ်ရာဖဲ့ရာတွေကနေ တစ်ဆင့်ကူးစက်တတ်သည့်ပိုးတစ်မျိုးပဲဖြစ်ပါတယ်။

ဒီလို အစက်အပြောက်လေးတွေဖြစ်လာပြီဆိုရင်တော့ ပထမဆုံး အအေးမိသလိုခံစားရပါမယ်။ နောင်ပိုင်းလည်ချောင်းနာတာနဲ့ ချောင်းဆိုးတာဖြစ်လာပါမယ်။ နောက်တော့ ဗိုက်မှာပဲဖြစ်ဖြစ်၊ ကျောမှာပဲဖြစ်ဖြစ် အစက်ပြောက်လေးတွေပေါ်လာပါမယ်။ ရက်သတ္တပတ်ကြာလာတာနှင့်အမျှ အစက်ပြောက်လေးတွေ တိုးပွားလာပါလိမ့်မယ်။

မိက်ဖူးလေးတွေဟာ အမြဲတမ်း ၁ လ ကနေ ၃ လောက်ထိကြာတတ်ပြီး ဘယ်တော့မှ ပြန်မပေါက်တတ်ပါဘူး။ သို့ပေမယ့် ၃ လထက်ကျော်သွားရင်တော့ ဆရာဝန်ပြဖို့လိုလာပါပြီ။ ဆရာဝန်အများစုကတော့ Benadryl လိမ်းဆေးကိုညွှန်ကြားတတ်ကြပါတယ်။

အခု ပက်ဘလိုဟာ တစ်ဖြည်းဖြည်းသက်သာလာပေမယ့် လုံးဝပြောက်ဖို့ကတော့ အချိန်ယူရပါအုံးမယ်။ အဆိုပါ အစက်ပြောက်တွေဟာ အရမ်းယားယံလို့ညဘက်ဆို တစ်မှေးမှမအိပ်ရဘူးလို့ဆိုပါတယ်။ သူမရဲ့ အခြေနေကို ပို့စ်တင်ပြီးရှင်းပြရတာကတော့ တစ်ခြားလူတွေအနေနဲ့လဲ ကျန်းမာရေးနဲ့ ပတ်သက်လို့ အသေးအဖွဲကိစ္စလေးကအစ ဂရုစိုက်ကြရန်သတိပေးချင်တာကြောင့်ပါတဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*