ကူးစက် တတ်သော ရောဂါများ ကြိုတင် ကာကွယ်ဖို့ ဒန့်သလွန် ကို စားကြစို့

အရွက်-

အရွက်ကို ဟင်းချိုချက်သောက်လျင် သွေးကျသည်။ အမူးအမော် ပြေစေသည်။ အရွက်ကို ကြက်သွန်ဖြူ ငရုတ်ကောင်းနှင့်ဟင်းချို ချက်သောက်ပါက ရာသီထိန် တတ်သောအမျိုးသမီးများ ဓမ္မတာ မှန်စေသည်။ အပူလွန်ကဲသော ရောဂါများကိုနိုင်သည်။ ကျောပူရင်ပူ လည်ချောင်းပူ နှုတ်ခမ်းပူစသော အပူလွန်ကဲခြင်းကို ပျောက်ကင်းစေသည်။ အရွက်နုများကို ကြော်စားပါက ယားနာပျောက်သည်။ အရွက် သတ္တုရည်ကို နို့နှင့်ရောသောက်လျှင် ဆီးရွင်စေသည်။ အရွက်ကို ငါးကြင်း၊ ကြက်သွန်နီဖြင့် ကြော်စားလျှင် လေသက်စေသည်။အရွက်ကို ပဒဲကော၊ ကြက်သွ န်ဖြူ နှင့်ဟင်းချိုချက်သောက် ပါက ဓမ္မတာထိန်ခြင်းငုပ်ခြင်းကို သက်သာပျောက်ကင်းစေသည်။

အပွင့်-

ဒန့်သလွန်အပွင့်ကို ပုစွန်ခြောက်ဖြင့်သုပ်စား ပါက အကြောဆိုင်းခြင်း၊ အကြောဆွဲခြင်း၊ အြေ ကာ ရမ်း၊ အကြောရောင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့်ကို ထောပတ် ၊ကြက် ဥနှင့် ကြော်စားလျင် ခွန်အားတိုးစေသည်။ အပွင့်ကို ဆိတ်သားနှင့် ကြော်စားပါကလေ မဖြတ်နို င်ပါ။ အပွင့်ကို ပရန္နဝါဥထောပတ်နှင့် ကြော်စားလျင် ကာမအားကို တိုးပွားစေ သည်။ အပွင့်ကို နို့နှင့်ပေါင်းစားလျှင် သုက်အားကိုပေး၏။ အပွင့်ကို အမှုန့်ပြု၍ ပျားရည်နှင့် တေစားလျင် ရင် တုန်ခြင်းကို ပျောက်ကင်းစေသည်။ အပွင့်ကို အုန်းနို့နှင့်ကြော်စားပါက အားအင်ကုန်ခမ်း သူများ အားအင်ပြည့်ဖြိုးမည်။

အဖူး-

ဒန့်သလွန် အဖူးစား ပါက ကလေးငယ်များ သန်ကျစေသည်။

အသီး-

ဒန့်သလွန်သီး ကို ထက်ခြမ်းခွဲ ဇွန်းဖြင့်ခြစ် ကြက်သားနှင့်ကြော်စားလျင် အစာကြေလွယ်သည်၊ အဆိပ်အတောက်ပြေစေသည်။ ခရမ်းချဉ်သီး ငါးနှင့်ချက်စားလျင် နှုတ်မြိန်စေသည်။ ငါးဥနှ င့်ေြ ကာ်စားလျင် အားကောင်းစေသည်။ ဘဲဥနှင့်ကြော်စားလျင် အမောပြေသည်။ အသီးနုများ ချက် စားပါက အဆစ် အမြစ်ရောဂါ ပျောက်စေသည်။ အသီးကို အခြောက်လှန်း အမှုန့်ပြု သကြားနှ င့်သောက်ပါက ဆီးလွန်ရောဂါပျောက်သည်။

အမြစ်-

ဒန့်သလွန်မြစ်ကို ထုထောင်း အရည်ကို လဖက်စားဇွန်း တစ်ဇွန်းသောက်ပါက အသံဝင် ၊အသံ ကွဲ၊ အသံအက်ခြင်းကို ပျောက်ကင်းစေသည်။ အမြစ်ကြိတ်ရည်နှင့် ဂျင်းရည်ရောသောက်ပါက ပန်းနာရောဂါ ပျောက်ကင်းချမ်းသာနိုင်သည်။ အမြစ် ကြိတ်ရည်ကို နို့နှင့်ရောသောက်ပါက ဆီးချိုရောဂါကို ပျောက်ကင်းချမ်း သာနိုင်သည်။ အမြစ်မှုန့်နှင့် ပရန္နဝါမြစ် မှုန့်ဆတူရောစပ်၍ အုန်းနို့ သကာရည်၊ ပျားရည်တို့ဖြင့် ကျိုချက်ပြီး နံက်ည စတီးလ်ဇွန်းတစ်ဇွန်းသောက်ပါက အားအင်ပြည့်ဖြိုး ခွန်အားတိုး၍ ကျန်းမာသက်ရှည်စေပါသည်။ အမြစ်ကို သုံးခွက်တစ်ခွက်တင် ကျိုပြီး စတီးလ်ဇွန်းတစ်ဇွန်း (7)ရက်သောက်ပေးက ဝမ်းတွင်းသက်တန့်နာ ပျောက်ကင်း ၏။ ဒန့်သလွန် အစေ့ကို ပါးစပ် ၌ငုံပေးခြင်းဖြင့် သွားပုပ်(အာပုပ်)ပျောက်၏။ ဒန့်သလွန်၏ ဂုဏ်သ တ္တိကား နို့ရည်နှင့်သုက်ကို ပွားစေ၏။

ဒန့်သလွန်၏ အရွက်၊ အပွင့်၊ အသီး၊ အမြစ်ကိုဖြစ်စေ စားသုံးပေးပါက သံကောင်၊တုတ်ကောင် ဘီပိုး၊ စီပိုး ကင်းရှင်း၍ ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ကြောင်း တင်ပြ လိုက်ရပါ သည်။

Credit- သမားတော်ကြီးဦးသောင်းရွှေ၊ MyMc

Be the first to comment

Leave a Reply

Your email address will not be published.


*